မာတိကာဆီ ကျော်သွား

ကင်မရွန်းနိုင်ငံ၊ ယေဘင်မြို့နားက ရွာတွေမှာ ဟောပြောဖို့ ညီအစ်ကို၊ ညီအစ်မတွေ လမ်းလျှောက်သွားနေကြစဉ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်
ကင်မရွန်း

ကင်မရွန်းနိုင်ငံ ဝေးလံခေါင်သီတဲ့ဒေသ အထူးဟောပြောခြင်း ကင်ပိန်းအတွင်း လူပေါင်း ၁,၇၀၀ ကျော် ကျမ်းစာသင်အံမှု တောင်းဆို

ကင်မရွန်းနိုင်ငံ ဝေးလံခေါင်သီတဲ့ဒေသ အထူးဟောပြောခြင်း ကင်ပိန်းအတွင်း လူပေါင်း ၁,၇၀၀ ကျော် ကျမ်းစာသင်အံမှု တောင်းဆို

၂၀၂၄ ခုနှစ်၊ မေလကနေ စက်တင်ဘာလအတွင်း ကင်မရွန်းနိုင်ငံက ယေဟောဝါသက်သေ ၁,၀၀၀ ကျော်ဟာ နိုင်ငံအတွင်း ဝေးလံခေါင်သီတဲ့ဒေသတွေမှာပြုလုပ်တဲ့ အထူးဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကင်မရွန်းလူဦးရေ ၄၀ ရာခိုင်နှုန်း နေထိုင်တယ်လို့ ခန့်မှန်းရတယ်။ ကင်ပိန်းကြောင့် လူပေါင်း ၁,၇၀၀ ကျော် ကျမ်းစာသင်အံမှု တောင်းဆိုတယ်။

အိုမန်ဒေ၊ ကင်မရွန်း

အွန်ဘဆာမြို့မှာ ညီအစ်မနှစ်ယောက်က နာတာရှည်ရောဂါ ခံစားနေရတဲ့ အမျိုးသားတစ်ယောက်နဲ့ စကားစမြည် စပြောတယ်။ အမျိုးသားက လိုအပ်တဲ့ ကူသမှု မရနိုင်တဲ့အကြောင်း စိတ်ပျက်လက်ပျက် ပြောပြပြီးနောက်မှာ ညီအစ်မတွေက ဗျာဒိတ် ၂၁:၃၊ ၄ မှာပါတဲ့ ယေဟောဝါရဲ့ ကတိအကြောင်း ပြောပြလိုက်တယ်။ ဒါနဲ့ အမျိုးသားက “ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်လာမလဲ” လို့ မေးတော့ ညီအစ်မတွေက ဒံယေလ ၂:၄၄ ကိုဖတ်ပြီး ဘုရားသခင့် နိုင်ငံတော် တစ်ခုတည်းကသာ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ကြောင်း ရှင်းပြတယ်။ အမျိုးသားက ထပ်သိချင်တဲ့အတွက် ကျမ်းစာသင်အံမှု ကမ်းလှမ်းတာကို ချက်ချင်း လက်ခံတယ်။

လောမြို့မှာ တစ်အိမ်မှတစ်အိမ် အမှုဆောင်ထွက်နေတုန်း ညီအစ်မနှစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်ရတဲ့ သေလွန်သူတွေအတွက် မျှော်လင့်ချက်အကြောင်း ပြောပြတယ်။ ရက်အနည်းငယ်ကြာပြီး ပြန်လည်ပတ်တဲ့အခါ အမျိုးသမီးက သူငယ်ချင်းနှစ်ယောက်ကိုပါ ခေါ်ထားတာကို တွေ့လိုက်ရတယ်။ အမျိုးသမီးသုံးယောက်စလုံး ကျမ်းစာကတိတွေအကြောင်း သိချင်နေကြတာ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ထဲက သင်ခန်းစာ ၂ ကို သုံးသပ်ပြီးတဲ့နောက် အမျိုးသမီးတွေက ကျမ်းစာ ဆက်လေ့လာချင်တဲ့အကြောင်း ပြောတယ်။

ဘဖူး၊ ကင်မရွန်း

မူဝမ်ကိုရွာမှာ ညီအစ်မတွေက စတိုးဆိုင်က အမျိုးသမီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့ပြောနေတာကို သက်ကြီး အမျိုးသားတစ်ယောက်ကြားသွားပြီး ဝင်စကားပြောတယ်။ ညီအစ်မတွေက နှစ်ယောက်စလုံးကို ကျမ်းစာလေ့လာမှု ပြုလုပ်နိုင်ပုံကို ပြပေးပြီး အသင်းတော်အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ တနင်္ဂနွေနေ့မှာ အမျိုးသမီးက သားသမီးနှစ်ယောက် ခေါ်လာပြီး အစည်းအဝေးလာတက်တယ်။ ဒါ့အပြင် သက်ကြီးအမျိုးသားပါ လာတက်လို့ ညီအစ်မတွေ သိပ်ဝမ်းသာသွားတယ်။ လေးယောက်စလုံး အစည်းအဝေးမှာ ပျော်ရွှင်နေကြပြီး နောက်လည်း အစည်းအဝေးတက်မယ်လို့ ကတိပေးသွားတယ်။

“လူအမျိုးမျိုး” ဆီ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ ကင်မရွန်းက ညီအစ်ကို၊ ညီအစ်မတွေကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ပါတယ်။—၁ တိမောသေ ၂:၄