ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
ဆင်းရဲနွမ်းပါးမှုကင်းတဲ့ကမ္ဘာ ဖြစ်နိုင်ပါ့မလား
ဆင်းရဲမွဲတေမှုကြောင့် နှစ်စဉ်လူသန်းပေါင်းများစွာဟာ အာဟာရချို့တဲ့၊ ရောဂါတွေရပြီး သေဆုံးကြတယ်။ ကမ္ဘာပေါ်မှာ ဆင်းရဲ၊ ချမ်းသာမှုဟာ အလွန်ကွာဟနေတယ်။ ဆင်းရဲမွဲတေမှုက ခေတ်အဆက်ဆက်မှာ ရှိနေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ယောဟန် ၁၂:၈ ကိုဖတ်ပါ။
ဆင်းရဲနွမ်းပါးမှုပပျောက်သွားဖို့ ကမ္ဘာ့သယံဇာတတွေကို မျှမျှတတခွဲဝေပေးနိုင်စွမ်းရှိတဲ့ ကမ္ဘာတစ်ခုလုံးကိုအုပ်ချုပ်မယ့် အစိုးရတစ်ခု လိုအပ်တယ်။ အဲဒီအစိုးရက ဆင်းရဲနွမ်းပါးမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ စစ်ပွဲတွေကို အဆုံးသတ်ပေးနိုင်စွမ်းလည်း ရှိရမယ်။ အဲဒီလိုကမ္ဘာ့အစိုးရတစ်ခု တည်ထောင်ပေးမယ်လို့ ဘုရားသခင် ကတိပြုထားတယ်။—ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။
ဆင်းရဲနွမ်းပါးမှုပပျောက်အောင် ဘယ်သူ လုပ်ပေးနိုင်သလဲ
ကမ္ဘာကြီးကို အုပ်ချုပ်ဖို့ သားတော်ယေရှုကို ဘုရားသခင် ခန့်အပ်ထားပြီးပြီ။ (ဆာလံ ၂:၄-၈) ယေရှုက ဆင်းရဲသားတွေကို ကယ်တင်ပြီး ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကိုလည်း အဆုံးတိုင်ပေးမှာဖြစ်တယ်။—ဆာလံ ၇၂:၈၊ ၁၂–၁၄ ကိုဖတ်ပါ။
“ငြိမ်သက်ခြင်းအရှင်” ယေရှုက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအတွက် လုပ်ဆောင်ပေးမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ အဲဒီအခါ ကမ္ဘာတစ်ဝန်းလုံးက လူတွေဟာ ကိုယ်ပိုင်အိမ်မှာနေ၊ ဝါသနာပါရာအလုပ်တွေ လုပ်ခွင့်ရပြီး အစားအသောက် အလျှံအပယ် ရရှိကြမှာဖြစ်တယ်။—ဟေရှာယ ၉:၆၊ ၇; ၆၅:၂၁–၂၃ ကိုဖတ်ပါ။