သင်တို့ဟာ ယုံကြည်စိတ်ချရတဲ့ ဘဏ္ဍာစိုးများဖြစ်ကြ
“သင်တို့သည် ကိုယ့်ကိုယ်ကိုယ် မပိုင်ကြ။”—၁ ကော. ၆:၁၉။
၁။ ကျွန်လို့ပြောလိုက်တာနဲ့ လူတွေက ဘယ်လို ယူဆကြသလဲ။
ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ကျွန်ဖြစ်ချင်မှာမဟုတ်ဘူးလို့ လွန်ခဲ့တဲ့ အနှစ် ၂,၅၀၀ တုန်းက ဂရိစာရေးဆရာတစ်ယောက် ပြောခဲ့တယ်။ ယနေ့ လူအများစုက အဲဒါကို သဘောတူပါလိမ့်မယ်။ ကျွန်လို့ပြောလိုက်တာနဲ့ တခြားသူတွေအတွက် အလုပ်လုပ်ဖို့ အတင်းအဓမ္မစေခိုင်းခံရသူ၊ ရက်ရက်စက်စက် ဆက်ဆံခံရသူတွေလို့ လူတွေက ထင်တတ်ကြတယ်။ ကျွန်တွေဟာ ဘာအကျိုးအမြတ်မှမခံစားရဘဲ သခင်တွေအတွက် အလုပ်,လုပ်ရတယ်လို့ ယူဆကြတယ်။
၂၊ ၃။ (က) ခရစ်တော်ရဲ့ကျွန်တွေ ဘယ်လိုဆက်ဆံခံရသလဲ။ (ခ) အခု ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၂ သူ့တပည့်တွေဟာ နှိမ့်ချတဲ့အစေခံတွေ၊ ကျွန်တွေဖြစ်သင့်တယ်လို့ ယေရှု ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တွေဖြစ်တဲ့ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ အနှိမ်မခံရသလို ရက်ရက်စက်စက် ဆက်ဆံခံရမှာလည်း မဟုတ်ဘူး။ အဲဒီကျွန်တွေက ယုံကြည်စိတ်ချခံရပြီး လေးစားခံရတဲ့သူတွေ ဖြစ်တယ်။ ဥပမာအနေနဲ့ “ကျွန်” တစ်ယောက်အကြောင်း ယေရှုပြောခဲ့တာကို သုံးသပ်ကြည့်ပါ။ ယေရှုဟာ သူမသေဆုံးခင်လေးမှာ “သစ္စာနဲ့ သတိပညာရှိကျွန်” ကို တာဝန်တွေပေးမယ်လို့ ပြောခဲ့တယ်။—မ. ၂၄:၄၅-၄၇။
၃ လုကာကျမ်းမှာ ယေရှုက “ကျွန်” ဆိုတဲ့စကားလုံးအစား “ဘဏ္ဍာစိုး” ဆိုတဲ့စကားလုံးကို အသုံးပြုခဲ့တယ်။ (လုကာ ၁၂:၄၂-၄၄ ကိုဖတ်ပါ။) ယနေ့ သစ္စာရှိခရစ်ယာန်အများစုက “သစ္စာနှင့်သတိပညာရှိသော ဘဏ္ဍာစိုး” အဖွဲ့မှာ မပါဝင်ကြပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ကျေးကျွန်အားလုံးဟာ ဘဏ္ဍာစိုးတွေဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားသခင့်အမှုတော်မှာ ကျွန်ုပ်တို့လုပ်ဆောင်ဖို့ ဘာတာဝန်တွေရှိသလဲ။ အဲဒီတာဝန်တွေကို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်သင့်သလဲ။ အဲဒီ အဖြေတွေရနိုင်ဖို့ ကျမ်းစာခေတ်က ဘဏ္ဍာစိုးတွေရဲ့အကြောင်းကို သုံးသပ်ကြည့်ကြစို့။
ဘဏ္ဍာစိုးတွေရဲ့ တာဝန်
၄၊ ၅။ ကျမ်းစာခေတ်က ဘဏ္ဍာစိုးတွေမှာ ဘာတာဝန်တွေရှိသလဲ။ ဥပမာပေးပါ။
၄ ကျမ်းစာခေတ်က ဘဏ္ဍာစိုးတစ်ယောက်ဟာ ယုံကြည်စိတ်ချခံရတဲ့ ကျွန်တစ်ယောက်ဖြစ်ပြီး သခင်ရဲ့အိမ် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ တာဝန်ခန့်အပ်ခံရတယ်။ အဲဒီဘဏ္ဍာစိုးဟာ သခင်ရဲ့ ဥစ္စာပစ္စည်းတွေက. ၁၃:၂၊ ၁၅:၂၊ ၂၄:၂-၄။
နဲ့ ငွေတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးရပြီး တခြားကျွန်တွေအပေါ်မှာလည်း ဩဇာရှိတယ်။ အာဗြဟံရဲ့ပိုင်ဆိုင်ရာမြောက်မြားစွာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးအပ်ခံရတဲ့ ဧလျာဇာကို ကြည့်နိုင်တယ်။ သားဖြစ်သူဣဇာတ်အတွက် ဇနီးရှာပေးဖို့ မက်ဆိုပိုတေးမီးယားကို အာဗြဟံစေလွှတ်လိုက်သူဟာ ဧလျာဇာဖြစ်နိုင်တယ်။ အဲဒါက တကယ့်ကို ကြီးမားတဲ့တာဝန်ပဲ။—၅ အာဗြဟံရဲ့ မြစ်ဖြစ်တဲ့ ယောသပ်ဟာ ပေါတိဖာရဲ့ဘဏ္ဍာစိုး ဖြစ်ခဲ့တယ်။ (က. ၃၉:၁၊ ၂) အချိန်တန်တော့ ယောသပ်ကိုယ်တိုင်မှာ ဘဏ္ဍာစိုးတစ်ယောက်ရှိလာတယ်၊ သူ့ကို “ယောသပ်ရဲ့အိမ်တော်ထိန်း” လို့ခေါ်တယ်။ အဲဒီဘဏ္ဍာစိုးက ယောသပ်ရဲ့အစ်ကိုဆယ်ယောက်ကို ဧည့်ဝတ်ပြုပြီး သူတို့လိုအပ်တာတွေကို စီစဉ်ပေးခဲ့ရတယ်။ ယောသပ်က ငွေခွက်နဲ့ သူ့အစ်ကိုတွေကို စမ်းသပ်တုန်းကလည်း သူ့ရဲ့ဘဏ္ဍာစိုးက အရေးကြီးတဲ့ အပိုင်းမှာပါဝင်လုပ်ဆောင်ခဲ့ရတယ်။ ဒါက ဘဏ္ဍာစိုးတွေဟာ သခင်ရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်လောက်အထိ ရခဲ့တယ်ဆိုတာ ဖော်ပြတယ်။—က. ၄၃:၁၉-၂၅၊ ကဘ၊ ၄၄:၁-၁၂။
၆။ အကြီးအကဲတွေက ဘယ်လိုတာဝန်အမျိုးမျိုးကို ထမ်းဆောင်နေကြသလဲ။
၆ နှစ်ပေါင်း ၁,၈၀၀ ခန့်ကြာပြီးနောက်မှာ အကြီးအကဲတွေဟာ ဘုရားသခင့်ဘဏ္ဍာစိုးတွေ ဖြစ်တယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (တိ. ၁:၇) “ဘုရားသခင်၏သိုးတော်စု” ကို ထိန်းကျောင်းဖို့ ခန့်အပ်ခံရတဲ့ အကြီးအကဲတွေဟာ အသင်းတော်ကို လမ်းညွှန်ပေးတယ်။ (၁ ပေ. ၅:၁၊ ၂) ဘုရားသခင့်အဖွဲ့အစည်းမှာ အကြီးအကဲတွေက တာဝန်အမျိုးမျိုး ရရှိကြတယ်။ ဥပမာ အကြီးအကဲအများစုက အသင်းတော်တစ်ခုမှာ တာဝန်ထမ်းဆောင်ကြတယ်။ နယ်လှည့်ကြီးကြပ်မှူးတွေကျတော့ အသင်းတော် အများကြီးမှာ တာဝန်ထမ်းဆောင်ကြတယ်။ ဌာနခွဲကော်မတီဝင်တွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းတော်တွေကို ကြီးကြပ်ကွပ်ကဲရတယ်။ အကြီးအကဲအားလုံးဟာ တာဝန်ကို အတတ်နိုင်ဆုံး သစ္စာရှိရှိလုပ်ဆောင်ဖို့ မျှော်လင့်ခံရတယ်။ သူတို့အားလုံးဟာ ဘုရားသခင်ထံမှာ “ကိုယ်တိုင်စာရင်းရှင်း” ရမှာဖြစ်တယ်။—ဟေဗြဲ ၁၃:၁၇။
၇။ ခရစ်ယာန်အားလုံးဟာ ဘဏ္ဍာစိုးတွေဖြစ်တယ်ဆိုတာ ဘယ်လိုသိရသလဲ။
၇ အကြီးအကဲမဟုတ်တဲ့ သစ္စာရှိခရစ်ယာန် များစွာဟာလည်း ဘဏ္ဍာစိုးတွေဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိနိုင်သလဲ။ တမန်တော်ပေတရုက ခရစ်ယာန်တွေအားလုံးကို ဒီလိုစာရေးပြီး ပြောခဲ့တယ်– “နည်းအမျိုးမျိုးဖြင့်ဖော်ပြသော ဘုရားသခင်၏မဟာကရုဏာတော် ခံစားရသူ ဘဏ္ဍာစိုးကောင်းများအနေနှင့် သင်တို့တစ်ဦးစီသည် ရရှိထားသော ဆုကျေးဇူးတော်ကို အချင်းချင်းအတွက် အကျိုးဆောင်ရာတွင် အသုံးပြုကြလော့။” (၁ ပေ. ၁:၁၊ ၄:၁၀) ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကို ဆုကျေးဇူးတွေ၊ အရည်အချင်းတွေ၊ အစွမ်းအစတွေနဲ့ ပင်ကိုစွမ်းရည်တွေ အသီးသီးပေးထားခြင်းအားဖြင့် ကြင်နာမှုပြတယ်၊ ကျွန်ုပ်တို့က အဲဒီအရာတွေကို ညီအစ်ကိုညီအစ်မတွေကို ကူညီပေးတဲ့နေရာမှာ အသုံးပြုနိုင်ကြတယ်။ ဒါကြောင့် ဘုရားသခင့်ကျေးကျွန်အားလုံးဟာ ဘဏ္ဍာစိုးတွေဖြစ်ကြတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချပြီး လေးစားတယ်၊ ကျွန်ုပ်တို့ကို ပေးအပ်ထားတာတွေကို ကောင်းစွာအသုံးပြုဖို့ ကိုယ်တော်မျှော်လင့်တယ်။
ကျွန်ုပ်တို့ကို ဘုရားသခင်ပိုင်
၈။ ဘဏ္ဍာစိုးအနေနဲ့ ကျွန်ုပ်တို့ သတိရဖို့လိုတဲ့ အချက်တစ်ချက်က ဘာလဲ။
၈ ဘဏ္ဍာစိုးတွေဖြစ်တဲ့ ခရစ်ယာန်အားလုံး သတိရဖို့လိုတဲ့ အခြေခံအမှန်တရားသုံးခုကို သုံးသပ်ကြည့်ကြစို့။ ဦးဆုံး ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင့်ပိုင်ဆိုင်ရာဖြစ်ပြီး ကျွန်ုပ်တို့ဟာ ကိုယ်တော်ထံမှာ စာရင်းရှင်းရမှာဖြစ်တယ်။ “သင်တို့သည် ကိုယ့်ကိုယ်ကိုယ် မပိုင်ကြ။ အကြောင်းမူကား သင်တို့ကို အဖိုးနှင့်ဝယ်ထားတော်မူပြီ” လို့ပေါလုရေးခဲ့တယ်။ အဲဒီအဖိုးက ကျွန်ုပ်တို့ရဲ့ အပြစ်တွေအတွက် ပေးဆပ်ခဲ့တဲ့ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သက္ကာဖြစ်တယ်။ (၁ ကော. ၆:၁၉၊ ၂၀) ကျွန်ုပ်တို့ဟာ ဘုရားသခင့်ပိုင်ဆိုင်ရာ ဖြစ်တာကြောင့် ကိုယ်တော့်ပညတ်တွေကို နာခံလိုက်လျှောက်ဖို့လိုတယ်၊ ကိုယ်တော့်ပညတ်တွေက လိုက်လျှောက်ဖို့ မခက်ခဲလွန်းဘူး။ (ရော. ၁၄:၈၊ ၁ ယော. ၅:၃) ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့ ကျွန်တွေလည်းဖြစ်တယ်။ ကျမ်းစာခေတ်က ဘဏ္ဍာစိုးတွေလိုပဲ ကျွန်ုပ်တို့မှာ လွတ်လပ်မှုအများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ စိတ်တိုင်းကျ လုပ်ချင်တာလုပ်လို့တော့မရဘူး။ ကျွန်ုပ်တို့ရတဲ့တာဝန်တွေကို ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်ရမယ်။ ဘုရားသခင့်အဖွဲ့အစည်းမှာ တာဝန်တွေဘယ်လောက်ပဲ ရရှိနေပါစေ ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ကျွန်တွေပဲဖြစ်တယ်။
၉။ သခင်က ကျွန်ဆီကနေ ဘာမျှော်လင့်သလဲဆိုတာ သိဖို့ ယေရှု ဘယ်လို ရှင်းပြခဲ့သလဲ။
၉ သခင်တစ်ယောက်က ကျွန်တစ်ယောက်ဆီကနေ ဘာမျှော်လင့်သလဲဆိုတာ ကျွန်ုပ်တို့သိနိုင်ဖို့ ယေရှု ကူညီပေးတယ်။ လု. ၁၇:၇-၁၀။
တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက် အိမ်ပြန်လာတဲ့ ကျွန်တစ်ယောက်အကြောင်း ယေရှုက သူ့တပည့်တွေကို ပြောပြခဲ့တယ်။ “ချက်ချင်းလာ၍ စားပွဲ၌ လျောင်းလော့” ဆိုပြီး သခင်ကပြောမလား။ ပြောမှာမဟုတ်ဘူး။ “ငါစားဖို့ညစာ ပြင်ဆင်လော့။ ငါစားသောက်ပြီးသည့်အထိ ခါးကိုစည်း၍ လုပ်ကျွေးလော့။ ပြီးမှစားသောက်” ပါဆိုပြီး သခင်က ကျွန်ကို ပြောတယ်။ သူ့တပည့်တွေကို ယေရှု ဘာသင်ခန်းစာ သင်ပေးနေတာဖြစ်မလဲ။ ကိုယ်တော် ဒီလိုရှင်းပြခဲ့တယ်– “ထိုနည်းတူ သင်တို့သည်လည်း စေခိုင်းသမျှကို ဆောင်ရွက်ပြီးသောအခါ ‘ငါတို့သည် အသုံးမကျသောကျွန်များ ဖြစ်ကြ၏။ ဆောင်ရွက်သင့်ရာများကိုသာ ငါတို့ ဆောင်ရွက်ခဲ့ကြ၏’ ဟုဆိုကြလော့။”—၁၀။ ယေဟောဝါဟာ ကိုယ်တော့်အတွက် ကျွန်ုပ်တို့ လုပ်ဆောင်ရာမှန်သမျှကို တန်ဖိုးထားတယ်ဆိုတာ ဘာကဖော်ပြသလဲ။
၁၀ ယေဟောဝါကတော့ ကိုယ်တော့်အတွက် ကျွန်ုပ်တို့ လုပ်ဆောင်ရာမှန်သမျှကို တန်ဖိုးထားတယ်ဆိုတာ သေချာပါတယ်။ ကျမ်းစာမှာ ဒီလိုကတိပေးထားတယ်– “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်။” (ဟေဗြဲ ၆:၁၀) ကျွန်ုပ်တို့ထံကနေ ယေဟောဝါ ဘယ်တော့မှာ တရားလွန် မတောင်းဆိုဘူး။ ကိုယ်တော် တောင်းဆိုသမျှဟာ ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်ပြီး ဘယ်တော့မှ မခက်ခဲဘူး။ ဒါပေမဲ့ ယေရှုသင်ပေးခဲ့တဲ့အတိုင်း ကျွန်တစ်ယောက်ဟာ သူ့အတွက်ပဲ ဦးစားပေးလုပ်မှာမဟုတ်ဘူး။ သခင့်အလိုကို အဓိကဦးစားပေးမှာဖြစ်တယ်။ အဲဒီလိုပဲ ဘုရားသခင်ထံ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံတာက ကျွန်ုပ်တို့ရဲ့ဘဝမှာ ကိုယ်တော့်အလိုတော်ကို အဓိကဦးစားထားဖို့ ရွေးချယ်လိုက်တာဖြစ်တယ်။ ဒီအချက်ကို သင် သဘောတူသလား။
ကျွန်ုပ်တို့အားလုံးထံက ယေဟောဝါတောင်းဆိုရာ
၁၁၊ ၁၂။ ဘဏ္ဍာစိုးတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ဘယ်အရည်အသွေးကို ပြသပြီး ဘယ်အမူအကျင့်တွေကို ရှောင်ရမလဲ။
၁၁ ကျွန်ုပ်တို့သတိရဖို့လိုတဲ့ ဒုတိယအချက်က ဘဏ္ဍာစိုးတွေဖြစ်တဲ့ ကျွန်ုပ်တို့အားလုံးဟာ တောင်းဆိုချက်တစ်မျိုးတည်းကို လိုက်နာကြတယ်။ ဘုရားသခင့်အဖွဲ့အစည်းမှာ တချို့တွေက တခြားသူတွေ မရရှိတဲ့ တာဝန်တွေကို ရရှိကြမှာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့် တောင်းဆိုချက်အများစုကတော့ အတူတူပဲ။ ဥပမာ ယေဟောဝါရဲ့ ကျေးကျွန်တွေအားလုံး တစ်ဦးကိုတစ်ဦး ချစ်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ အချင်းချင်းချစ်တဲ့အခါ လူတွေက အဲဒါကိုကြည့်ပြီး ကျွန်ုပ်တို့ဟာ မိမိရဲ့တပည့်တွေဖြစ်တယ်ဆိုတာ သိကြလိမ့်မယ်လို့ ယေရှုပြောခဲ့တယ်။ (ယော. ၁၃:၃၅) ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေကိုပဲ ချစ်ရမှာမဟုတ်ဘူး။ မယုံကြည်တဲ့သူတွေကိုလည်း မေတ္တာပြနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားကြရမယ်။ ဒါက ကျွန်ုပ်တို့အားလုံး လုပ်နိုင်တဲ့အရာ ဖြစ်သလို လုပ်သင့်တဲ့အရာလည်းဖြစ်တယ်။
၁၂ အမူအကျင့်ကောင်းတွေပြဖို့လည်း ကျွန်ုပ်တို့ကို တောင်းဆိုတယ်။ သမ္မာကျမ်းစာမှာ ရှုတ်ချထားတဲ့ အမူအကျင့်တွေနဲ့ ဘဝပုံစံတွေကို ကျွန်ုပ်တို့ ရှောင်ကြဉ်လိုကြတယ်။ ‘မတရားမေထုန်ပြုသူ၊ ရုပ်ပုံကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာဖြစ်သူ၊ ယောက်ျားချင်းမေထုန်ပြုသူ၊ သူ့ဥစ္စာကိုခိုးသူ၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲရေးကဲ့ရဲ့သူ၊ လုယက်သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံရမည်မဟုတ်’ လို့ပေါလုရေးခဲ့တယ်။ (၁ ကော. ၆:၉၊ ၁၀) ဘုရားသခင့်ဖြောင့်မတ်တဲ့စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ကြိုးစားအားထုတ်မှုလိုတယ်။ ဒါပေမဲ့ အဲဒီကြိုးစားအားထုတ်မှုက ကျွန်ုပ်တို့ကို အကျိုးကျေးဇူးများစွာ ရရှိစေတယ်။ ဥပမာ၊ ကျွန်ုပ်တို့ ကျန်းမာရေးပိုကောင်းလာနိုင်တယ်၊ တခြားသူတွေနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရရှိပြီး ဘုရားသခင်နဲ့ ခိုင်မြဲတဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိနိုင်တယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈ ကိုဖတ်ပါ။
၁၃၊ ၁၄။ ခရစ်ယာန်အားလုံးကို ဘုရားသခင် ဘာတာဝန်ပေးထားသလဲ။ အဲဒီတာဝန်ကို ကျွန်ုပ်တို့ ဘယ်လို ရှုမြင်သင့်သလဲ။
၁၃ ဘဏ္ဍာစိုးတစ်ယောက်မှာ လုပ်စရာ အလုပ်ရှိတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ကျွန်ုပ်တို့မှာလည်း လုပ်စရာရှိတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အမှန်တရားဖြစ်တဲ့ အဖိုးတန်ဆုကျေးဇူး ပေးထားတယ်။ ဒီအမှန်တရားအကြောင်းကို ကျွန်ုပ်တို့က တခြားသူတွေကို ပြန်သင်ပေးဖို့ ကိုယ်တော်အလိုရှိတယ်။ (မ. ၂၈:၁၉၊ ၂၀) ခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့ ကျွန်နဲ့ “ဘုရားသခင်၏ မြင့်မြတ်သောလျှို့ဝှက်ချက်များကို စောင့်သော ဘဏ္ဍာစိုးများ” ဖြစ်ကြတယ်လို့ ပေါလု ရေးခဲ့တယ်။ (၁ ကော. ၄:၁) “မြင့်မြတ်သောလျှို့ဝှက်ချက်များ” ဒါမှမဟုတ် ကျမ်းစာအမှန်တရားများ အပ်နှင်းခံထားရပြီး အဲဒီအရာတွေကို တခြားသူတွေကို ပြန်သင်ပေးရမယ်ဆိုတာ ပေါလုသိခဲ့တယ်။ ဒါက သူ့ရဲ့သခင် ယေရှုခရစ် လုပ်စေချင်တဲ့အရာဖြစ်တယ်။—၁ ကော. ၉:၁၆။
၁၄ တခြားသူတွေကို အမှန်တရားသင်ပေးတာက သူတို့ကို
ကျွန်ုပ်တို့ချစ်ကြောင်း ဖော်ပြတာဖြစ်တယ်။ ခရစ်ယာန်တွေရဲ့အခြေအနေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူး။ အားလုံးက တစ်ပုံစံတည်း မလုပ်ဆောင်နိုင်ကြဘူး။ ဒါကို ယေဟောဝါသိတယ်။ အရေးကြီးတာက ကျွန်ုပ်တို့ လုပ်နိုင်တာအားလုံးကို လုပ်ဆောင်ဖို့ဖြစ်တယ်။ ဒီလိုနည်းနဲ့ ကျွန်ုပ်တို့က ဘုရားသခင်နဲ့ အခြားသူတွေအတွက် တစ်ကိုယ်ကောင်းမဆန်တဲ့ မေတ္တာကို တင်ပြကြတယ်။သစ္စာရှိဖို့ အရေးကြီး
၁၅-၁၇။ (က) ဘဏ္ဍာစိုးတစ်ယောက်က ဘာကြောင့် သစ္စာရှိဖို့ အရေးကြီးသလဲ။ (ခ) ကျွန်ုပ်တို့ သစ္စာမဲ့တယ်ဆိုရင် ဘာဖြစ်မယ်လို့ ယေရှုပြောခဲ့သလဲ။
၁၅ ကျွန်ုပ်တို့ သတိရဖို့လိုတဲ့ တတိယအချက်က ကျွန်ုပ်တို့ဟာ နာခံခြင်းအားဖြင့် သစ္စာရှိကြောင်း ပြသရမှာဖြစ်တယ်။ ဘဏ္ဍာစိုးတစ်ယောက်မှာ ကောင်းတဲ့ အရည်အသွေးတွေနဲ့ အစွမ်းအစတွေ အများကြီးရှိနိုင်တယ်၊ ဒါပေမဲ့ နာခံမှုမရှိဘူး၊ တာဝန်တွေကို အလေးအနက်မထားဘူးဆိုရင် သူ့မှာရှိတဲ့ အဲဒီအရည်အသွေးတွေ၊ အစွမ်းအစတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဘဏ္ဍာစိုးတစ်ယောက်က အလုပ်ကို ကောင်းကောင်းလုပ်ပြီး သူ့သခင်ကို စိတ်ကျေနပ်စေချင်တယ်ဆိုရင် သစ္စာရှိရမှာဖြစ်တယ်။ “ဘဏ္ဍာစိုးမှန်လျှင် သစ္စာရှိရမည်” လို့ ပေါလုရေးခဲ့တာကို သတိရပါ။—၁ ကော. ၄:၂။
၁၆ ကျွန်ုပ်တို့သာ သစ္စာရှိမယ်ဆိုရင် ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုချမှာ သေချာတယ်။ တကယ်လို့ ကျွန်ုပ်တို့က သစ္စာမရှိဘူးဆိုရင်တော့ ဘုရားသခင့်နှစ်သက်မှုကို ဆက်ရရှိမှာ မဟုတ်ဘူး။ ယေရှုရဲ့ တဲလင့်ပုံဥပမာမှာ အဲဒီအချက်ကို တွေ့နိုင်တယ်။ လက်ခံရရှိတဲ့ငွေနဲ့ “ကုန်သွယ်” ခဲ့ကြတဲ့ သစ္စာရှိကျွန်တွေကို သခင်က ချီးမွမ်းပြီး ကြွယ်ဝစွာ ဆုချခဲ့တယ်။ ဒါပေမဲ့ နာခံမှုမရှိတဲ့ကျွန်ကိုတော့ “ဆိုးညစ်ပျင်းရိသောကျွန်၊ အသုံးမကျသောကျွန်” ဆိုပြီး စီရင်ခဲ့တယ်။ သခင်ဟာ အဲဒီကျွန်ဆီက တဲလင့်ကိုယူပြီး သူ့ကို နှင်ထုတ်လိုက်တယ်။—မဿဲ ၂၅:၁၄-၁၈၊ ၂၃၊ ၂၆၊ ၂၈-၃၀ ကိုဖတ်ပါ။
၁၇ တခြားအခြေအနေတစ်ခုမှာလည်း သစ္စာမဲ့ခြင်းရဲ့အကျိုးဆက်ကို ယေရှုဖော်ပြခဲ့တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သူဌေးတစ်ဦး၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖြုန်းတီးသည်ဟု စွပ်စွဲခံရသော် သခင်သည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင်၏အကြောင်း ငါကြားရသည်မှာ အသို့နည်း။ ဘဏ္ဍာစိုးအရာနှင့်ဆိုင်သော ငွေစာရင်းကို လု. ၁၆:၁၊ ၂) ဘဏ္ဍာစိုးက သခင်ပိုင်ဆိုင်တဲ့ ဥစ္စာတွေကို ဖြုန်းတီးပစ်တဲ့အတွက် သခင်က သူ့ကို အလုပ်ဖြုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ့်ကို ထိမိတဲ့သင်ခန်းစာတစ်ခုပဲ။ ကျွန်ုပ်တို့အနေနဲ့ ယေဟောဝါတောင်းဆိုသမျှကို အကောင်းဆုံးလုပ်ဆောင်ခြင်းအားဖြင့် အမြဲသစ္စာရှိတဲ့သူတွေ ဖြစ်ချင်ကြတယ်။
တင်ပြလော့။ ယခုမှစ၍ ဘဏ္ဍာစိုး မလုပ်ရ’ ဟုဆို၏။” (တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တာ ပညာရှိသလား
၁၈။ ကျွန်ုပ်တို့ကိုယ်ကိုယ် တခြားသူတွေနဲ့ ဘာကြောင့် မနှိုင်းယှဉ်သင့်သလဲ။
၁၈ ‘ငါက ဘယ်လို ဘဏ္ဍာစိုးမျိုးလဲ’ လို့ ကိုယ့်ကိုယ်ကိုမေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာကတော့ ပညာရှိရာ မကျဘူး။ သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– “လူတိုင်း ကိုယ်ပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့ပြုလျှင် သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။” (ဂလ. ၆:၄) တခြားသူတွေလုပ်တာနဲ့ ကိုယ်လုပ်တာကို နှိုင်းယှဉ်မယ့်အစား ကိုယ်လုပ်နေတာကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်သင့်တယ်။ အဲဒီလိုလုပ်ဆောင်တာက မာနစိတ်၊ သိမ်ငယ်စိတ်တွေ မဝင်စေဘူး။ ကျွန်ုပ်တို့ရဲ့ အခြေအနေကလည်း ပြောင်းလဲသွားနိုင်တယ်။ ကျန်းမာရေးမကောင်းတာ၊ အသက်အရွယ်ကြီးလာတာနဲ့ တာဝန်အမျိုးမျိုးကြောင့် အရင်က လုပ်ခဲ့သလောက် မလုပ်နိုင်တော့တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လက်ရှိလုပ်နေတာထက် ပိုပြီးလုပ်ဖို့ အခွင့်အရေးရလာတာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုသာဆိုရင် တိုးခချဲ့လုပ်ဆောင်ဖို့ ကြိုးစားကြည့်ပါ။
၁၉။ တာဝန်တစ်ခုခုကို မရသေးဘူးဆိုရင် ကျွန်ုပ်တို့ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။
၁၉ ကျွန်ုပ်တို့လိုချင်တဲ့ တာဝန်တွေကို ရရှိထားသူတွေနဲ့လည်း ကျွန်ုပ်တို့ကိုယ်ကိုယ် မနှိုင်းယှဉ်သင့်ဘူး။ ဥပမာ၊ ညီအစ်ကိုတစ်ယောက်က အသင်းတော်မှာ အကြီးအကဲအဖြစ် အမှုဆောင်ချင်တာ ဒါမှမဟုတ် စည်းဝေးကြီးတွေမှာ ဟောပြောချက် တာဝန်ရချင်တာ ဖြစ်နိုင်တယ်။ အဲဒီတာဝန်တွေရဖို့ အရည်အချင်းပြည့်မီအောင် ကြိုးစားတာက ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီတာဝန်တွေရမယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ထားတဲ့အချိန်မှာ မရဘူးဆိုရင် စိတ်ဓာတ်မကျသင့်ဘူး။ ကျွန်ုပ်တို့ သေချာနားမလည်တဲ့ အကြောင်းရင်းတွေရှိလို့ တချို့တာဝန်တွေက ထင်ထားတာထက် ပိုစောင့်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မောရှေက သူ့ကိုယ်သူ အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေ ဦးဆောင် ခေါ်ထုတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆပေမယ့် တကယ်တမ်းကျတော့ အနှစ် ၄၀ စောင့်ခဲ့ရတယ်။ အဲဒီလို စောင့်ဆိုင်းနေရတဲ့ အချိန်အတွင်းမှာ ခေါင်းမာပြီး ပုန်ကန်တတ်တဲ့လူမျိုးကို ဦးဆောင်ဖို့ လိုအပ်မယ့် အရည်အသွေးတွေကို သူမွေးမြူနိုင်ခဲ့တယ်။—တ. ၇:၂၂-၂၅၊ ၃၀-၃၄။
၂၀။ ယောနသန်ဆီကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။
၂၀ တစ်ခါတလေ တာဝန်တွေ လုံးဝမရတာလည်း ဖြစ်နိုင်တယ်။ ယောနသန်လည်း အဲဒီလို ကြုံတွေ့ခဲ့ရတယ်။ သူက ရှောလုရဲ့သားဖြစ်လို့ အစ္စရေးလူမျိုးရဲ့ဘုရင်ဖြစ်ဖို့ အလားအလာရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ယောနသန်ထက် အတော့်ကို အသက်ငယ်တဲ့ ဒါဝိဒ်ကို ဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ ဒါကို ယောနသန် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ဘုရားသခင်ရဲ့ဆုံးဖြတ်ချက်ကို ယောနသန်လက်ခံခဲ့တယ်၊ အသက်နဲ့ရင်းပြီးတော့တောင် ဒါဝိဒ်ကို ကူညီခဲ့တယ်။ ဒါဝိဒ်ကို ယောနသန်ဒီလိုပြောခဲ့တယ်– “မင်းက အစ္စရေးလူမျိုးရဲ့ဘုရင် ဖြစ်လာလိမ့်မယ်။ ငါကိုယ်တိုင် မင်းကို ထောက်ခံအားပေးမယ်။” (၁ ရာ. ၂၃:၁၇၊ ကဘ) ယောနသန်ရဲ့ ပုံသက်သေကနေ သင် ဘာသင်ယူနိုင်သလဲ။ ယောနသန်ဟာ သူ့အခြေအနေနဲ့ပတ်သက်ပြီး မကျေမနပ်မဖြစ်ခဲ့ဘူး။ သူ့ဖခင်လို ဒါဝိဒ်အပေါ် မနာလိုမဖြစ်ခဲ့ဘူး။ ကျွန်ုပ်တို့မရရှိတဲ့တာဝန်ကို တခြားသူတွေရတဲ့အခါ မနာလိုဖြစ်မယ့်အစား ကျွန်ုပ်တို့ရထားတဲ့ တာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်ဖို့ အာရုံစိုက်သင့်တယ်။ ကမ္ဘာသစ်မှာ ယေဟောဝါက သူ့ကျေးကျွန်တွေရဲ့ သင့်တော်တဲ့အလိုဆန္ဒတွေကို ကျေနပ်အောင်ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
၂၁။ ကျွန်ုပ်တို့ရဲ့ ဘဏ္ဍာစိုးတာဝန်ကို ဘယ်လို ရှုမြင်သင့်သလဲ။
၂၁ ဘုရားသခင့်ဘဏ္ဍာစိုးတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ရက်စက်တဲ့သခင်ရဲ့ အတင်းအဓမ္မ စေခိုင်းခံရတဲ့ ကျွန်တွေ မဟုတ်ဘူးဆိုတာ အမြဲတမ်း သတိရနေကြစို့။ ယေဟောဝါက နောက်ဘယ်တော့မှ ပြန်လုပ်ရမှာမဟုတ်တဲ့ သတင်းကောင်းဟောပြောခြင်းတာဝန်ကို ဒီနောက်ဆုံးသောကာလမှာ ကျွန်ုပ်တို့ကို ပေးအပ်ထားတယ်၊ ဒီလိုနည်းနဲ့ ကျွန်ုပ်တို့ကို ကိုယ်တော် ယုံကြည်စိတ်ချပြီး ဂုဏ်တင်တယ်။ ကိုယ်တော်ပေးအပ်ထားတဲ့ တာဝန်တွေကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ရွေးချယ်ဖို့အတွက် လွတ်လပ်မှု တော်တော်လေး ပေးထားတယ်။ ဒါကြောင့် သစ္စာရှိတဲ့ ဘဏ္ဍာစိုးများဖြစ်ကြစို့။ ဒါ့အပြင် စကြဝဠာမှာ အကြီးမြတ်ဆုံးအရှင်ဖြစ်တဲ့ ယေဟောဝါရဲ့ အမှုတော်ကို လုပ်ဆောင်ရတာက တကယ်ဂုဏ်ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။