မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

ဘုရားအမှုဆောင်ချင်စိတ် မရှိတော့ဘူး

မာတင် ပါရီဒက်စ်

ဘုရားအမှုဆောင်ချင်စိတ် မရှိတော့ဘူး
  • မွေးဖွားတဲ့နှစ် ၁၉၇၆

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၉၁

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း မာတင်ဟာ ကက်သလစ်ဘုန်းကြီးဖြစ်ဖို့ ကျမ်းစာကျောင်းတက်နေတုန်းမှာ အမှန်တရားသိလာတယ်။ အဲဒီအချိန်ကစပြီး လူများစွာကို စစ်မှန်တဲ့ ဝတ်ပြုသူတွေဖြစ်လာအောင် ကူညီပေးခဲ့တယ်။

ကျွန်တော်က ဘာသာတရားသိပ်ကိုင်းရှိုင်းတဲ့ ကက်သလစ်မိသားစုမှာ ကြီးပြင်းလာတယ်။ သူတို့က ကျွန်တော့်ကို ဘုန်းကြီးတစ်ပါး ဖြစ်စေချင်တယ်။ ဒါနဲ့ အသက် ၁၂ နှစ်မှာပဲ ဘုန်းကြီးတွေသင်ကြားတဲ့ သင်တန်းသုံးခုတက်ခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်၊ အသက် ၁၄ နှစ်မှာတော့ နိုင်ငံတွင်းက အကောင်းဆုံးကျမ်းစာကျောင်းတစ်ကျောင်းကို တက်ခွင့်ရခဲ့တယ်။

ကျွန်တော် မြန်မြန်ဆန်ဆန်တိုးတက်လာလို့ ဆက်ကြိုးစားရင် ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်လာနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ပျက်လာတယ်။ ကျောင်းမှာ ကျမ်းစာသင်ပေးမယ့်အစား လူ့အတွေးအခေါ်တွေ သင်ပေးတယ်။ ဘုန်းကြီးတွေကလည်း အရမ်းအကျင့်ပျက်တယ်။ ကျွန်တော့်ကို လိင်ဆိုင်ရာစော်ကားဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘုရားအမှုဆောင်ချင်စိတ် မရှိတော့ဘူး။

အဲဒီအချိန်မှာ သာသနာပြုမောင်နှံတစ်စုံက ကျမ်းစာကျောင်းရဲ့စာရင်းကိုင်ဆီ လာလည်ပြီး လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ် ပေးသွားတယ်။ ကျွန်တော် အဲဒီစာအုပ်ကိုငှားပြီး အစအဆုံး ဖတ်လိုက်တယ်။ ပြီးတော့ ‘ငါရှာနေတာဒါပဲ’ လို့ ကိုယ့်ကိုယ်ကိုယ်ပြောမိတယ်။ အဲဒီနောက် ကျမ်းစာကျောင်းကထွက်၊ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာပြီး စည်းဝေးတွေစတက်တယ်။ ရှစ်လကြာပြီးနောက် ၁၉၉၁၊ ဇူလိုင်လမှာ နှစ်ခြင်းခံတယ်။ မှန်မှန်ရှေ့ဆောင်စလုပ်ပြီး ရှေ့ဆောင်ညီအစ်မ မာရီရာနဲ့လက်ထပ်ခဲ့တယ်။ ၂၀၀၆ ခုနှစ်ကစပြီး အထူးရှေ့ဆောင်တွေအဖြစ် အမှုဆောင်နေကြတယ်။ ဘုရားအမှုမဆောင်တော့ဘူးဆိုပြီး အရင်ကလက်လျှော့ခဲ့ပေမဲ့ အခုတော့ အမှန်တရားဆာမွတ်နေသူတွေကို စစ်မှန်တဲ့၀တ်ပြုသူတွေဖြစ်လာအောင် ကူညီပေးရလို့ ပျော်ရွှင်နေပါပြီ။